Monday, February 16, 2015

ခဲတံ ။ ။ ငါတောင်းပန်ပါတယ် ခဲဖျက်။
ခဲဖျက်။ ။ ဘာအတွက် တောင်းပန်တာလဲ။  ဘာအမှားမှ မလုပ်နဲ့ပေါ့။
ခဲတံ ။ ။ ငါကြောင့် မင်း နာကျင်တယ် ဆိုတာကို ငါသိပါတယ်။ ဒါပေမယ့် ငါ အမှားတွေ ခဏခဏ လုပ်မိတယ်။ မင်းကတော့ ငါ့ရဲ့ အမှားတွေ အကုန်လုံးကို အမြဲတန်း ဖျက်ပေးတယ်နော်။ ဒါကြောင့် မင်း ခန္ဓာကိုယ်လေးဟာ တဖြည်းဖြည်းနဲ့ သေးလာပြီ။
ခဲဖျက် ။ ။ မင်း ပြောတာ မှန်တယ်။ ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ မင်း ဘယ်အချိန်ပဲ အမှားတွေ လုပ်လုပ် ငါ ကူညီဖို့ အဆင့်သသင့်ပါ။ ငါ မင်းအမှားတွေကို ကူညီရလို့ ပျော်ပါတယ်။ ငါ ကုန်သွားတဲ့ တစ်နေ့ကြရင် မင်း အသစ်တစ်ခု သုံးနိုင်ပါတယ်။ ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့။
သင်ခန်းစာ -
ခဲတံ = ကျွန်တော်တို့
ခဲဖျက် = မိဘ
အမှားတွေ ဘယ်လောက် ရှိရှိ ပြင်ပေးတယ်။ သူတို့မှာ ရှိတာတွေ ကုန်ရင်ကုန်သွားပါစေ ဝမ်းမနည်းဘူး။ သူတို့ထက် ချစ်ရတဲ့သူ တွေ့သောအခါမှာ ကျွန်တော်တို့ ထားခဲ့ကြတယ်။ သူတို့ဟာ ကျွန်တော်တို့ဆီက ဘာမှအလို မရှိဘူး။ ထာဝရ ကျွန်တော်တို့ကို ချစ်လျက် ရှိနေတယ်။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!