လူအများက အချိန်ဆွဲတတ်ကြပါတယ်။
အချိန်ဆွဲနေရင် ပျင်းရိတာ၊ သံသယဝင်တာ၊ သိမ်ငယ်တာ၊ ကြောက်ရွံ့တာစတဲ့
အပျက်ဆောင်စိတ်တွေ ဝင်လာတတ်ပါတယ်။ ဒီလိုအချိန်ဆွဲသူတွေက ဘာလုပ်လုပ်
ကောင်းအောင်မလုပ်တတ်တာမဟုတ်ဘဲ
ကောင်းကောင်းမလုပ်တာပဲဖြစ်တယ်။ ဒါဟာ ကျရှုံးဖို့ အကျင့်ဆိုးဖြစ်တယ်။
ဆုံးဖြတ်ချက်ချပြီး လက်တွေ့မလုပ်ဆောင်ရင်လည်း ဘာအကျိုးရလဒ်မှ ရမှာ မဟုတ်ပါဘူး။ ချက်ချင်းထလုပ်တာက အကျင့်တစ်ခုပါ။ စိတ်နေသဘောထားတစ်ခုပါ။
အောင်မြင်သူတို့ လက်ကိုင်ထားတဲ့ အရည်အချင်းတစ်ခုပါ။
အလုပ်တစ်ခုကို အချိန်ဆွဲရင် မနက်ဖြန်ပေါင်းများစွာကို သင်အချိန်ဆွဲမိပါလိမ့်မယ်။ စတင်လုပ်ဆောင်ပြီဆိုရင်တော့ အဆုံးထိ သင်လုပ်ဆောင်ချင်စိတ်ဖြစ်ပါတယ်။
ဒါကြောင့် စလုပ်ဆောင်ပြီဆိုတာနဲ့ အောင်မြင်ဖို့ သင်တစ်ပိုင်းသေချာသွားပါပြီ။
စစချင်း ခြေတစ်လမ်းကို သင်စလှမ်းလိုက်ပြီဆိုတာနဲ့ နောက်ကခြေလမ်းတွေက အလိုလိုလိုက်ပါလာပါတယ်။
သတ္တိရှိတဲ့ပထမခြေလမ်းကို သင်စလှမ်းရဲဖို့ပဲ လိုပါတယ်။
******************
လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေ၊ ခံယူချက်တွေရှိကြတယ်။ တခြားလူထက် ပိုထူးချွန်ထက်မြက်သူ၊ အဆိုတော်၊ အားကစားသမား၊ ဆရာဝန်၊ အင်ဂျင်နီယာတွေ ဖြစ်လိုကြတယ်။ ဒါဟာ အစကောင်းတစ်ခုပါ။ စိတ်ကူးရဲ၊ ရည်မှန်းချက်ထားရဲသူတွေက တစ်ဝက်အောင်မြင်နေပြီးသူတွေပါ။
ရှေးလူကြီးတွေက ပြောတယ်.. “ရင်ဘတ်ထဲမှာ စိတ်ကူးအိပ်မက်မရှိ.. ရည်မှန်းချက်မရှိသူတွေက ရှင်လျက်နဲ့ သေနေကြတာ” တဲ့။
ရည်မှန်းချက်မရှိ၊ ဦးတည်ရာမဲ့နေရင် ရှေ့တိုးဖို့ အားအင်လည်းရှိမှာ မဟုတ်ပါဘူး။ မရေရာတဲ့လူ့ဘဝလမ်းမှာ ယောင်လည်လည်ဖြစ်နေမှာပဲ။ ဘဝက အဓိပ္ပာယ်မဲ့နေမှာပဲ။
စိတ်ကူးအိပ်မက်ရှိတယ်၊ ရည်မှန်းချက်ရှိတယ်ဆိုရင် အဲဒီရည်မှန်းချက် ဦးတည်ချက်အတွက် နေ့တိုင်း ကြိုးစားပြီး အကောင်အထည်ဖော်တယ်၊ ကြိုးစားပြီး သင်ယူတယ်၊ ဖြည်းဖြည်းချင်း အတွေ့အကြုံတွေကို အတိုးချပြီး ကိုယ့်ကိုယ်ကို ဖြည့်ဆည်းတယ်ဆိုရင် တစ်နေ့နေ့မှာအောင်မြင်မှုအလင်းရောင်က
သင့်ကိုယ်ပေါ်မှာ လင်းလက်တောက်ပမှာဖြစ်ပါတယ်။
credit 99 sanay

0 comments:
Post a Comment