တစ်ခါက သူဌေးကြီးတစ်ဦး ရှိလေသည်။ တစ်နေ့တွင် သူသည် သားကိုခေါ်ပြီးရွာတစ်ရွာသို့အလည်အပတ်သွားကြသည်။အလည် အပတ်သွားရခြင်း၏ရည်ရွယ်ချက်မှာ“ဆင်းရဲခြင်း”ဆိုသည်ကိုသားအားသိစေချင်သောကြောင့်၊ဆင်းရဲသားများ၏ဘ၀ကိုပြသချင်သောကြောင့်ဖြစ်သည်။သူတို့သည်လယ်သမားမိသားစု၏နေအိမ်တွင်နှစ်ရက်ကြာတည်းခိုခဲ့ကြသည်။ လယ်သမား၏ ကလေးများသည် အိမ်မွေးတိရစ္ဆာန်များအား ထိန်းကျောင်းရသည်။
လယ်ထဲတွင် ကူညီမည့် ခွေးများအား လေ့ကျင့်ပေးရသည်။ ညနေ အလုပ်နားချိန်တွင် အိမ်ဘေးရှိချောင်း၌ ရေချိုးကြသည်။
ငွေကြေး ချွေတာသောအနေဖြင့် ညအခါ လရောက်အောက်တွင် အိမ်ရှေ့မျက်နှာစာရှိ ဥယျာဉ်၌ မိသားစုများဝိုင်းဖွဲ့ပြီး စကားစမြည် ပြောကြသည်။
ရွာမှ ပြန်လာပြီးနောက် သူဌေးက
“သား… ဒီတခေါက်ခရီးထွက်တာ ဘယ်လိုနေလဲ” ဟုမေးလေသည်။
“ကောင်းပါတယ် ဖေဖေ”
“ဆင်းရဲသားတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ပြီမဟုတ်လား”
“ခေါင်းခါပြီး မဆင်းရဲပါဘူး ဖေဖေ သားဖြစ်သူက ပြန်ပြောသည်
နောက် သားဖြစ်သူက ” ဖေဖေ…သားတို့မှာ အိမ်မွေးခွေး တစ်ကောင်ပဲရှိတယ်။
သူတို့မှာ ခွေး(၄)ကောင်ရှိတယ်။ အဲဒီခွေးတွေဟာ ကလေးတွေရဲ့ အမိန့်ကိုတောင် နာခံကြတယ်။စကားလဲ နားထောင်တယ်။”
“နောက်ပြီး သားတို့ခြံမှာ ရေကူးကန် တစ်ကန်ပဲရှိတယ်။ သူတို့မှာအဆုံးမရှိတဲ့ ချောင်းတစ်ချောင်းလုံးရှိတယ်။
သူငယ်ချင်းတွေနဲ့ တစ်နေ့ကုန် ရေကစားနေလို့ရတယ်။ ဒီရေကူးကန်မှာကျတော့ သားတစ်ယောက်ပဲရှိတယ်” သားကဆက်ပြောသည်။
“နောက် သားတို့ ခြံအ၀င်ဝမှာပဲ လမ်းမီးတွေရှိတယ်။ သူတို့မှာကောင်ကင်းတစ်ပြင်လုံး မရေမတွက်နိုင်တဲ့ ကြယ်ကလေးတွေ ရှိတယ်။ ညရောက်ရင်
မိသားစုတွေ ၀ိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး စကားတွေပြောကြတယ်။ ဒါပေမဲ့ဒီအိမ်မှာ သားနဲ့ စကားပြောမဲ့သူ မရှိဘူး။ သားတို့အိမ်ရဲ့ အကျယ်အ၀န်းဟာ
ဟိုနံရံအထိပဲ ရှိတယ်။ သူတို့မှာ တစ်မျှော်တစ်ခေါ်ကျယ်တဲ့ ခြံဝန်းရှိတယ်။”
သား၏ စကားအဆုံးတွင် သူဌေးကြီးမှာ နုတ်ဆိတ်လျှက် ရှိနေတော့သည်။
ဒါကြောင့် ဘာမဆို အကောင်းမြင်တတ်အောင်
ကြိုးစားမယ်ဆိုရင် ဘ၀မှာ သင်ဟာ အချမ်းသာဆုံးပါပဲ။
0 comments:
Post a Comment