ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး မှတ်တမ်းကိုပြုစုရေးသားခဲ့သူများမှာ သမိုင်းပညာရှင် ဟီရိုဒိုးတပ်(စ်)Herodotus ဘီစီ(၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus ဘီစီ(၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား(Alexandria) ပြတိုက်တွင် ပြုစုခဲ့ကြခြင်းဖြစ်သည်။ သူတို့ပြုစုခဲ့သော အဆောက်အဦးများမှာ မှတ်တမ်းများမှလွဲ၍ ယခုခေတ်၌ မရှိကြတော့ပေ။ အီဂျစ်ပြည်ရှိ ဂီဇာပိရမစ်သာ ယခုခေတ်တွင်တွေ့ရှိနိုင်တော့သည်။ ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ် ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
ဘေဘီလုံမှ မိုးပျံဥယာဉ်(Hanging Gardens of Babylon)
အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု(Statue of Zeus at Olympia)
Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)
ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)
အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)
သမိုင်းကြောင်းအကျဉ်း
ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
ဂီဇာပိရမစ်ကြီးအား အီဂျစ်ဖာရို(ဘုရင်) ခူဖူး(khufu) က သူ၏ င်္သချိုင်းဂူအဖြစ် ဘီစီ၂၅၆၀တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုပိရမစ်ကြီးသည် ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးတွင် အစောဆုံးတည်ဆောက်ခဲ့သော အဆောက်အဦဖြစ်သည်။ ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါးတွင် ယနေ့အထိကျန်ခဲ့သော တစ်ခုတည်းသောအဆောက်အဦးလည်းဖြစ်သ
ဘေဘီလုံမှမိုးပျံဥယျာဉ် (Hanging Gardens of Babylon)
အငြင်းပွားဖွယ်ရာများရှိသော်လည်
အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု (Statue of Zeus at Olympia)
ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့်ရုပ်တုကြီးအား ရှေးဟောင်းအိုလံပစ် ပြိုင်ပွဲများကျင်းပရာဒေသတွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနေသည် အိုလံပီယာမြို့တည်ရှိခဲ့သော ရှေးဟောင်း မြို့တော်နေရာတွင်တည် ရှိသည်။ ရုပ်တုကြီးကို ဘီစီ ၄၃၂ ခုနှစ်တွင် တော်ဝင် ပန်းပုထုပညာရှင် ဖိုင်ဒီးရပ်(စ်) Phidias က အပြီးအစီးထုလုပ်ခဲ့သည်။ ကျောက်စီထားသောရာဇနှင်တံကိုလက်တ
Ephesus ရှိအာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
ဂရိနတ်ဘုရားမ အာသီးမိ(စ)(Artemis) အားပူဇော်သောအားဖြင့် တည်ဆောက်ခဲ့သော ကြီးမားသည့် စကျင်ကျောက် ကျောင်းတော်ကြီးဖြစ်သည်။ ဘီစီ ၅၅၀ ခန့်က Ephesus ယခုSelçuk အရပ် (တူရကီ) တွင်တည်ရှိခဲ့ခြင်းဖြစ်သည်။ ပေ ၆၀ ခန့်မြင့်သော တိုင်လုံးပေါင်း ၁၂၀ ပါဝင်ပြီး အလွန်လှပသော အနုပညာ လက်ရာများဖြင့်ထုံမွှမ်းထားသည်။ ထိုအနုပညာလက်ရာများတွင် အမေဇုံစစ်သည်များ၏ ကြေးရုပ်တုများလည်းပါဝင်သည်ဟု ဆိုကြသည်။ အမေဇုံစစ်သည်များသည် ဒဏ္ဍာရီဆန်သော အမျိုးသမီးစစ်သည်များကို ဆိုလိုသည်။ Herostratus ဆိုသောလူတစ်ယောက်မှ နာမည်ကြီးလိုသောကြောင့် ၃၅၆ ဘီစီတွင် ဘုရားကျောင်းအားမီးရှို့ဖျက်စီး ခဲ့သည်ဟုဆိုသည်။ ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် အေဒီ ၂၆၂ တွင်ဂေါ့(သ်)(Goths) မျိုးနွယ်များ၏ ဖျက်စီးမူ့ ကိုခံခဲ့ရပြီး အေဒီ ၄၀၁ တွင် ကွန်စတန်တီနိုပယ်(Constantinopl
Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး
(Mausoleum of Maussollos at Halicarnassus)
Halicarnassus အရပ် (ယခုခေတ်တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ) ရှိ ထင်ရှားသော င်္သချိုင်းဂူမှာ ဘီစီ ၃၇၀ နှင့်၃၅၀ ကြားတွင် ဘုရင် Maussollos အတွက်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်
ရိုဒတ်(စ)မှကျောက်ရုပ်တုကြီး (Colossus of Rhodes)
ဘီစီ ၂၈၂ တွင်တည်ဆောက်ပြီးစီးကာ ၁၂ နှစ်ကြာမျှ အချိန်ယူတည်ဆောက်ခဲ့ရသော ကျောက်ရုပ်တုကြီးသည် ၅၆ နှစ်အကြာတွင် ငလျင်ဒဏ်ကြောင့် ဒူးခေါင်းနေရာထိ ပြိုကျပျက်စီးခဲ့သောကြောင့် ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး တွင် သက်တမ်းအနည်းဆုံးအဖြစ်တည်ရှိခဲ့
အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)
ထိုမီးပြတိုက်သည် ရှေးဟောင်းကမ္ဘာမှအံ့ဖွယ်ခုနစ်ပါးတွင် လက်တွေ့အသုံးကျသည့် တစ်ခုတည်းသောအဆောက် အဦဖြစ်သည်။ အီဂျစ်ဆိပ်ကမ်းမြို့တော် အလက်ဇန်းဒီးယားတွင် အချက်ပြမီးရောင်အဖြစ် သဘောင်္များအတွက် အန္တရာယ်ကင်းစေရန် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖာရိုး(စ်) (Pharos) ကျွန်းငယ်လေးပေါ်တွင် ဘီစီ ၂၈၅မှ ၂၄၇ အတွင်းတည်ဆောက်ခဲ့သော ထိုအဆောက်အဦသည် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ အဖြစ်နှစ်ပေါင်းများစွာ မှတ်တမ်းဝင်ခဲ့သည်။ ခန့်မှန်းချေအားဖြင့်ပေပေါင်း ၃၈၄ပေ နီးပါးရှိသော ထိုအဆောက်အဦးသည် ယခုခေတ်နှင့်ဆိုလျင် အထပ်၄၀ ခန့်ရှိသော အဆောက်အဦးတစ်လုံးနီးပါးရှိသည်။ မီးပြတိုက်အား ညအခါတွင် မီးထွန်းထားပြီး၊ နေ့အခါတွင် ပြောင်လက်နေသော ကြေးဝါပြားများမှတစ်ဆင့် နေရောင် ပြန်စေပြီး သဘောင်္များအား လမ်းပြကူညီခဲ့သည်။ ထိုမီးပြတိုက်မှ ထွက်သောအလင်းရောင်အား ပတ်ဝန်းကျင် ၃၅ မိုင်အကွာအဝေးမှ မြင်ရသည်ဟုဆိုကြသည်။ အဆိုပါ ကြီးမားသော မျှော်စင်မီးပြတိုက်ကြီးသည် အေဒီ ၁၃၀၃ နှင့် ၁၃၂၃ တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများ ကြောင့် ပျက်စီးခဲ့ရသည်။ မပျက်စီးခင် နှစ်ပေါင်း ၁၅၀၀ ကျော်နီးပါးလုံးတွင် မက်ဒီတာရီယန် ကမ်းခြေမှအလင်းရောင် ကြီးအဖြစ် သဘောင်္များအားကူညီပေးခဲ့သည်။
Credit - Worldhistory
0 comments:
Post a Comment