Saturday, February 14, 2015

ဗဟုသုတ

၁) ပျမ်းမျှအားဖြင့်ဆိုရင် အစာစားဖို့အတွက် တစ်နေ့မှာ ၈၂ မိနစ်ကြာတဲ့ အချိန်ကိုသင်အသုံးပြုနေရပါတယ်...
၂) အိန္ဒိယနိုင်ငံသားတွေရှိခိုးကိုးကွယ်တဲ့ နတ်ဘုရားအရေအတွက်ဟာသန်း ၃၀၀ ကျော်ရှိပါတယ်...
၃) သိပ္ပံပညာရှင်တွေက ကြက်ဥထက် ကြက်ကအရင်ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်... ဘာကြောင့်လဲဆိုတော့ ကြက်ဥအကာကိုဖြစ်ပေါ်စေတဲ့ အသားဓာတ်ကို ကြက်မတွေကသာထုတ်လုပ်နိုင်စွမ်းရှိလို့ပါပဲ...
၎) လူသားတွေအတွက် ပျော်ရွှင်မှုကိုဆက်နွယ်ဖန်တီးပေးနိုင်မှု အများဆုံးအရာကတော့ ခွင့်လွှတ်ခြင်းဖြစ်ပါတယ်...
၅) စာကျက်နေတဲ့အခါ သီချင်းနားထောင်ခြင်းဟာအာရုံစူးစိုက်မှုပိုကောင်းစေပြီးသင်လေ့လာကျက်မှတ်နေတဲ့အရာကို ပြန်မှတ်မိဖို့ ပိုလွယ်ကူစေပါတယ်...
၆) batman ဆိုတဲ့ စကားလုံးဟာတစ်စုံတစ်ယောက်ရဲ့ အထိန်းတော် (အစေခံ) ကိုရည်ညွှန်းပါတယ်... ဒါကြောင့် Alfred Pennyworth ကို Batman ရဲ့ batman လို့ ဆိုရမှာဖြစ်ပါတယ်...
၇) သင့်ရဲ့ ဘဝအပေါ်ရှုမြင်ပုံနဲ့ သင်လုပ်ဆောင်ဖို့ရွေးချယ်ထားတဲ့အရာတွေဟာသင့်ပျော်ရွှင်မှုအပေါ် ၄၀ ရာခိုင်နှုန်းအကျိုးသက်ရောက်ပါတယ်... ဒီအရာတွေထဲမှာခင်မင်ရင်းနှီးမှုနဲ့ အလုပ်တို့လည်းပါဝင်ပါတယ်...
၈) ရုပ်မြင်သံကြားကိုကြည့်ရှုနေတဲ့အခါမှာသင့်ဦးနှောက်လှိုင်းနှုန်းတွေပြောင်းလဲသွားပါတယ်... ရုပ်မြင်သံကြားအလွန်အကျွံကြည့်ရှုခြင်းဟာနေ့ခင်းအိပ်မက်ဂယောက်ဂယက်တွေမက်စေပြီးအာရုံစူးစိုက်နိုင်စွမ်းကိုကျဆင်းစေပါတယ်...
၉) လူတစ်ယောက်ရဲ့ သဘာဝအတိုင်းအိပ်စက်ပုံကတော့ ပထမဆုံး ၄ နာရီလောက်ကိုအိပ်စက်ပါတယ်... နောက် ၂ နာရီလောက် နိုးနေပြီးနောက်ထပ် ၄ နာရီထပ်အိပ်စက်ကြပါတယ်...
၁၀) စိတ်ပညာဆိုင်ရာလေ့လာချက်တွေအရခဏပန်းအချစ်ဆိုတာအလွန်ဆုံး ၄ လပဲခံပါသတဲ့... ဒီထက်ကျော်ပြီဆိုရင်တော့ သင်တကယ်ချစ်မိသွားပါပြီ...
၁၁) ချစ်သူရည်းစားဘဝမှာယောက်ျားလေးတွေဟာမိန်းကလေးတွေထက် ပိုပြီးလိမ်ဖြစ်ကြပါတယ်...
၁၂) ၄၀ ရာခိုင်နှုန်းနီးပါးသောအမျိုးသားတွေဟာအမျိုးသမီးတစ်ယောက်ကိုပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာကိုယ့်ကိုယ်ယုံကြည်မှုသိပ်မရှိကြပါဘူး...

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!