Tuesday, April 21, 2015

အောင်မြင်မှု ရရှိခဲ့ သူတွေ ရဲ့ နောက်ကွယ် မှာ ဘယ်လော က် ထိ ကြိုးစား အားထုတ် ခဲ့ရတာ ရှိသလဲ ဆိုတာကို ဒါလေးက သက်သေ ပြနေ ပါတယ်။ ဟား ဗတ် တက္ကသိုလ် က ဆရာတွေ ပြောပြ လေ့ ရှိတာ ကတော့ သင့်ဘ၀ မှာ စိတ်တိုင်းကျ ဖို့နဲ့ ကော င်း တဲ့ ဝေဖန်မှု ရချင်ရင် တော့ ဟားဗတ် တက္ကသိုလ် မှာ

ပညာသင် နေတဲ့ အချိန် နေရောင် နဲ့ ထိေ တွ့ ဖို့ အချိန် မရှိဘူး တဲ့ ။

ကမ္ဘာ့ ထိပ်ဆုံး ကျောင်း တစ်ကျောင်း အနေနဲ့ ဟားဗတ် က နာမည်ကြီး ပုဂ္ဂိုလ်တွေ အများကြီးေ မွး ထုတ် ပေး ခဲ့တယ်။ အဲ့ ထဲမှာ နိုဘယ်လ် ဆုရှင် ၃၃ ဦး၊

အမေရိကန် သမ္မတ ၇ ဦး နဲ့ နယ်ပယ် အသီးသီး က ထူးချွန် ထက်မြတ် သူတွေ ပါ ပါ တယ်။ ဘာကြောင့် ဟားဗတ် ဟာ သူတို့ ရဲ. မွေးရပ် ဇာတိ ဖြစ်နေ တာလဲ။ ဟားဗတ် ကျောင်းသား တွေ ဟာ ဘယ်လို စိတ်ဓာတ် နဲ့ တွေးခေါ်မှု တွေကို ရရှိခဲ့ ကြ တာလဲ။ ဒီ အဖြေ ကို လူပေါင်း များစွာ လိုက်ရှာ နေကြတယ်။

 ဟားဗတ် တက္ကသိုလ် ရဲ့ စာကြည့်တိုက် နံရံမှာ ရေးထား တဲ့ ဆုံးမစာ လေး ကတော့ အဖြေပေး ပါလိမ့်မယ်။ တိုတောင်း တဲ့ စာသားလေး တွေဟာ လေးနက်တဲ့ တွေးခေါ်မှု တွေ ပေးပြီး စိတ်ဓာတ် တက်ကြွ စေ ပါ တယ်။

ဟားဗတ် တက္ကသိုလ် ရဲ့ စာကြည့်တိုက် နံရံပေါ်က ဆုံးမစာ အချက် ( ၂၀ ) ကတော့

( ၁ ) ဒီ အချိန် မှာ အိပ်ငိုက် နေလျှင် မင်း အိပ်မက်မက် လိမ့်မည်။ ဒီ အချိန် မှာ ကြိုးစား လျှင် မင်း အိပ်မက် အကောင်ထည် ဖော်နိုင်မည်။
( ၂ ) ငါ လစ်လျှူခဲ့ သော ယနေ့ သည် မနေ့က နောက်ရက် တွင် ပျက်စီး လိုသောသူ ၏ ဆုေ တာ င်းခြင်း ပင်။
( ၃ ) အချိန် နှောင်းပြီ ဟု ထင်လိုက်သော အချိန် သည် အစောဆုံး အချိန်ပင် ဖြစ်သည်။
( ၄ ) ယနေ့ အလုပ်ကို နောက်နေ့ အထိ မဆွဲပါ နှင့်။
( ၅ ) စာကြိုးစား ချိန် ပင်ပန်းတာ ဟာ တခဏ ပါ။ မကြိုးစား လိုက်ပါမှ တသက်တာ ပင်ပန်းမှာ။
( ၆ ) သင်ယူတာ ဟာ အချိန် မရှိတာ မဟုတ်ဘူး။ ကြိုးစား အားထုတ်မှု မရှိတာပါ။
( ၇ ) စိတ်ချမ်းသာ မှု ဟာ အဆင့် သတ်မှတ် ထားတာ ရှိချင်မှ ရှိလိမ့်မည်။ အောင်မြင်မှု မှာ တော့ရှိတယ်။
( ၈ ) သင်ယူတာ ဟာ လူ့ဘ၀ရဲ့ အားလုံး မဟုတ်ပါ။ လူ့ ဘ၀ရဲ့ တစ်စိတ် တစ်ပိုင်းလေး ကိုတောင် မှ မအောင်မြင် နိုင်ဘူး ဆိုရင် ဘာလုပ် နိုင်ဦး မှာလဲ။


( ၉ ) မရှောင်ဖယ် နိုင်တဲ့ ပင်ပန်း ဆင်းရဲ မှုများ ကို ခံစားပါ။
( ၁၀ ) သူများထက် ပိုစော၊ ပို ကြိုးစား နိုင်မှ အောင်မြင်မှု အရသာ ကို ခံစားရမှာ။
( ၁၁ ) ဘယ်သူမှ လွယ်လွယ် ကူကူ နဲ့ မအောင်မြင် နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ့ ပြည့်စုံ သော ပင်ကိုယ် ထိန်းနိုင် စွမ်းအားနှင့် မလျှော့ သော ဇွဲ လုံ့လ တို့မှ ရ

ရှိလာတာ။
( ၁၂ ) အချိန်ဟာ အမြဲတမ်း ကုန်ဆုံး နေတယ်။
( ၁၃ ) ဒီနေ့ ယိုသော သားရည် သည် နောက် နေ့ ၏ မျက်ရည် ဖြစ်လိမ့်မည်။
( ၁၄ ) ခွေးလို သင် လူကြီး လူကောင်း လို ကစားပါ။
( ၁၅ ) ဒီနေ့ မသွား လျှင် နောက်နေ့ ပြေးရ လိမ့်မည်။
( ၁၆ ) အနာဂတ် ကို ရင်နှီး မြုပ်နံ နေတဲ့ သူဟာ ယခု လက်တွေ့ ကို သစ္စာ ရှိသူပါ။
( ၁၇ ) ပညာရည် အဆင့်အတန်း ဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စား ပြုတယ်။
( ၁၈ ) တနေ့တာ ကုန်ဆုံး သွားလျှင် ပြန်မလာ တော့ပါ။
( ၁၉ ) အခုတောင် မှ သင်၏ ပြိုင်ဖက် သည် စာရွက်ကို အဆက် မပျက် လှန်နေပြီ။
( ၂၀ ) အကျပ် အတည်း အခက်အခဲ မရှိလျှင် အကျိုး အမြတ် မရနိုင်ပါ။

ဦးစိန်ကျော်လှိုင်
ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။

* သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင်

လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။

* အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။

* လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။

* ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။

* ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။

* အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။
မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။

* မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing

the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။

* သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။

* အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို

အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။

* ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။

* အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။

ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။

ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။
မှန်ကန်တဲ့ စီမံခန့်ခွဲမှုအကြောင်းကို ပါမောက္ခ တစ်ယောက်က သက်သေပြသွားဖူးပါတယ်။
တစ်ခါက ပါမောက္ခ တစ်ယောက်ဟာ အတန်းထဲ ၀င်လာပြီး မှန်ကန်တဲ့ စီမံခန့်ခွဲမှုအကြောင်း
ရှင်းပြမယ်ဆိုပြီး ဗူးတစ်လုံးကို အခန်းထဲသွင်းလာတယ်။
ကျောင်းသားတွေက စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။

ဆရာကြီးဟာ ဗူးထဲက ပထမဦးဆုံး ဖန်ပုလင်းအ၀အကျယ်ကြီးကို ယူထုတ်လိုက်တယ်။
"ဒါဘာပုလင်းလဲ ၊ အထဲမှာ ဘာရှိလဲ"
"လေပဲ ရှိပါတယ်"
"ကောင်းပြီ ၊ ဒီအထဲကို ဂေါက်သီးတွေ ထည့်လိုက်မယ်"

ဆရာကြီးဟာ ဖန်ဗူးထဲကို ဂေါက်သီးတွေတစ်လုံးပြီးတစ်လုံး ထည့်တယ်။
မကြာမီ ဂေါက်သီးတွေ အားလုံးဖန်ဗူးထဲ ပြည့်သွားတယ်။

ထပ်ထည့်လို့မရတော့ဘူး။ဆရာကြီးကကျောင်းသားတွေကို မေးတယ်။

"ကဲပြည့်ပြီလား"
"ပြည့်ပါပြီ"
"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့မရတော့ဘူး"
"ဂေါက်သီးတွေတော့ ထပ်ထည့်လို့မရတော့ဘူး။ ဒါပေမယ့် ဂေါ်လီလုံးလေးတွေတော့
ထည့်လို့ရတယ်"

ရောင်စုံ ဂေါ်လီလုံးလေးတွေဟာ နေရာလွတ်တွေအကြား ၀င်သွားတယ်။ ပါမောက္ခကြီးက
ဖန်ဗူးကို လှုပ်ခါပေးတယ်။ ဂေါ်လီလုံးလေးတွေဟာ ဂေါက်သီးအကြားက
နေရာလွတ်တွေထဲကိုဝင်သွားတယ်။
နောက်ဆုံးဂေါ်လီလုံးတွေ ထည့်လို့မရတော့ဘူး။
ပါမောက္ခကြီးက ကျောင်းသားတွေကို မေးပြန်တယ်။

"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့ မရတော့ပါဘူး"
"ဂေါ်လီလုံးတွေကိုတော့ ထည့်လို့မရတော့ဘူး။ ဒါပေမယ့် ဒီမှာကြည့်"
ဆရာကြီးဟာ သဲအိတ်တစ်ခုကိုယူပြီး သဲတွေကို ဖန်ဗူးထဲထည့်တယ်။
သဲတွေ ၀င်သွားတယ်။ လှုပ်လေသဲတွေဝင်လေပါပဲ။ နောက်ဆုံးသဲတွေ မ၀င်တော့ဘူး။


"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့ ရရင်လည်းရမယ်။ မရရင်လည်း မရဘူး"

ကျောင်းသားတွေ ပါးသွားပါပြီ။ သူတို့ဟာအဖြေတစ်ခုတည်းကို မပေးတော့ဘူး။
"ကောင်းပြီ။ ဒီအထဲ ရေထည့်လို့ရသေးတယ်"

ဆရာကြီးဟာ ရေသန့်ဗူးထဲမှ ရေတွေကို တဖြည်းဖြည်းချင်းထည့်တယ်။
ရေတော်တော်များများဝင်သွားပါတယ်။
နောက်ဆုံးမှာ ပါမောက္ခကြီးက ပြောတယ်။

"နောက်ထပ်ထည့်လို့မရတော့ဘူး။ ပြီးသွားပြီ။"
"ဒါဟာ ဘာသင်ခန်းစာပေးတယ်လို့ထင်သလဲ"
"အစီအစဉ် ကျနမှုပါ" ကျေင်းသားတစ်ယောက်က ပြန်ဖြေတယ်။

"မှန်ပါတယ်။"
အစီအစဉ်ကျနမှုဟာ အရေးပါပါတယ်။ မှန်ကန်တဲ့ စီမံခန့်ခွဲမှုပေါ့။
ရေကိုအရင်ထည့်ပြီးမှ ဂေါက်သီးကိုထည့်ရင် ရေလျှံထွက်မယ်။
ဂေါ်လီလုံးတွေ ပြည့်အောင်ထည့်ပြီးမှ ဂေါက်သီးထည့်လို့မရဘူး။
ဒီအတိုင်းပဲ သဲတွေထည့်ပြီးမှ ဂေါ်လီလုံးထည့်လို့ မရပြန်ဘူး။
ဘ၀မှာအစီအစဉ်ကျနမှုဟာအင်မတန်အရေကြီးပါတယ်"

"မိမိဘာကိုဦးစားပေးမှာလဲ"

ဖတ်ကြည့်ပြီးရင် တွေးကြည့်ပါ။ ဘယ်ကိစ္စမဆို ဒီအတိုင်းတွေးကြည့်ပါ။
သင့်ရဲ့ ဘ၀မှာ အောင်မြင်မှုတွေ ပိုပြီးရလာပါလိမ့်မယ်။

(ဂျာနယ်တစ်စောင်မှ ဒေါက်တာခင်မောင်ညိုရေးသားထားသည်ကို အလွန်သဘောကျမိသဖြင့်
ပြန်လည်မျှဝေ ခံစားခြင်းဖြစ်ပါသည်။)

ကြာတော့ကြာပါပြီ။ ကျွန်တော် နှစ်သက်လွန်းလို့ ပြန်လည်တင်ထားခြင်းဖြစ်ပါသည်။


ညလင်းအိမ် ( Ref )
ရေးမိရေးရာလေးများ
"ငါဟာ တစ်ချိန်က စစ်သည်ရဲမက် သိန်းသန်းပေါင်းများစွာကို ဦးဆောင်အမိန့်ပေးခဲ့တယ်။

အခုတော့ ငါ့ဘေးမှာ ဗလာနတ္တိ၊ငါဟာ တစ်ချိန်က တိုက်ကြီးသုံးတိုက်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုတော့ ခြေကုပ်ချဖို့ တစ်နေရာစာမရှိခဲ့ဘူး၊
Jesus က ငါ့ထက်အများကြီး အောင်နိုင်ခဲ့တယ်။ သူ့မှာ စစ်သည်ရဲမက်တစ်ယောက်မှ မရှိဘူး၊ မြေ တစ်လက်မလေးတောင် မသိမ်းပိုက်ခဲ့ဖူးဘူး၊ ဒါပေမယ့် သူ့ရဲ့တိုင်းပြည်ကို လူသိန်းသန်းပေါင်းများစွာရဲ့ရင်ထဲမှာ တည်ထားနိုင်ခဲ့တယ်"

မေတ္တာဆိုတာ လက်နက်ထက် ထက်ပြီး လူသားအားလုံးရဲ့စိတ်ဝိညာဉ်ကို သိမ်းပိုက်နိုင်တဲ့အရာပါ။
တစ်မျိုးဆက်ကနေ တစ်မျိုးဆက် လက်ဆင့်ကမ်းနိုင်တဲ့အရာကသာလျှင် တကယ့်အဓိပ္ပာယ်ရှိတဲ့အရာဖြစ်တယ်။
သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။ အကယ်၍ သင်လည်း

အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ် ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။
စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။ နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။ ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။ ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။ သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။  ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။ ဟောဒီမှာ နည်းလမ်း(၁၀)ခု-

၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?


၂။ မကျေမနပ်မဖြစ်ပါနဲ့ ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့ သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

၎။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။


၅။ ဘ၀ဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်း

ထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေ

နဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။

၇။ အခြားသူတွေကို ကူညီပါ အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

၈။ TV သိပ်မကြည့်ပါနဲ့ ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘ၀ဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့

နောက်ဆုံးပေါ် အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ၀ယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကိုလက်မခံမိပါစေနဲ့။

 ၉။ သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘ၀ကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။

၁၀။ ဘ၀ရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘ၀ရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊

ပြီးတော့ ဘ၀ကို ချစ်မြတ်နိုးပါ။ —
(က)ထူးခြားတဲ့ ဒီနှစ် January
ဒီ January လမှာ စနေ ၅ ရက်၊ တနင်္ဂနွေ ၅ရက်၊ တနင်္လာ ၅ ရက် ပါဝင်နေပါတယ်။ဒီလို တစ်ခါ ပါဖို့ ဆိုတာ နှစ်ပေါင်း ၈၂၃ နှစ် ကြာမှ တစ်ခါပဲ ဖြစ်နိုင်တာ

ပါ။Money Bags Year လို့ ခေါ်ပါတယ်။

(ခ)ငှက်တွေ ဘာကြောင့် ဓါတ်မလိုက်လဲ…
အဖုံးအကာမပါတဲ့ ဓါတ်ကြိုးတွေပေါ်မှာ နားတဲ့ငှက်တွေ ဘာလို့ ဓါတ်မလိုက်လဲ ဆိုတချို့က အမွှေးအတောင်တွေကြောင့်၊ တချို့က ဖွဲ့စည်းပုံကြောင့် စသည်ြ

ဖင့် ဖြေကြပါတယ်။တကယ်တော့ ငှက်လည်း လျှပ်ကူးပစ္စည်းပါပဲ။ လူလည်း လျှပ်ကူးပစ္စည်းပါပဲ။ဒီနေရာမှာ ဓါတ်လိုက်တယ်ဆိုတာကို ရှင်းပြဖို့ လိုလာပါတယ်။

ဓါတ်လိုက်တယ်ဆိုတာလျှပ်စစ်စီးကြောင်းက လျှပ်စစ်ထွက်နေတဲ့နေရာကနေကြားခံ လျှပ်ကူးပစ္စည်း(ဥပမာ-လူ၊ ကား၊ တိရစ္ဆာန်)ကို ဖြတ်ပြီး (ကြမ်းပြင်)မြေ

ကီးထဲကို ၀င်သွားတာပါ။အဲဒီ လျှပ်စစ်စီးကြောင်းဟာ ချက်ချင်း အနီးဆုံး Transformer ဆီ ပြေးသွားပြီး Transformer ကနေတဆင့် ဓါတ်လိုက်နေတဲ့နေ

ရာကို ပြန်ရောက်လာပါတယ်။လျှပ်စစ်ပတ်လမ်းကြောင်းတိုတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒီအခါမှာ လျှပ်စစ်ဓါတ် ဖြတ်စီးခံရတဲ့ လူက ဓါတ်လိုက်တဲ့ ခံစားမှုကို (ြ

ပင်းအား အနည်းအများအလိုက်)ခံစားလိုက်ရတာ ဖြစ်ပါတယ်။ မြေကြီးထဲ မ၀င်နိုင်အောင် လျှပ်ကာပစ္စည်းတစ်ခုခု (ဥပမာ- ဖော့ဖိနပ်) ခံထားရင် ခန္ဓာကိုယ်ထဲ

ဝင်လာတဲ့ လျှပ်စစ်ဓါတ်ဟာ မြေကြီးထဲ မ၀င်နိုင်တော့တာကြောင့် ဓါတ်မလိုက်တော့တာပါ။ ခလုတ်ပိတ်လိုက်ရင်လည်း ဓါတ်မလိုက်တော့တာ ဒါကြောင့်ပါ။

ငှက်တွေ ဓါတ်ကြိုးတွေပေါ် နားနေတဲ့အခါ အောက်က မြေဓါတ်လွတ်နေတာကြောင့်ဓါတ်မလိုက်တာ  ဖြစ်ပါတယ်ဗျာ။



(ဂ) မိုးကြိုးပစ်ခြင်း နှင့် မိုးကြိုးလွှဲအကြောင်း
တိမ်တွေထဲမှာရှိတဲ့ လျှပ်စစ်ဓါတ်ဖိုတွေ များပြားလာတဲ့အခါ ကမ္ဘာမြေကြီးရဲ့ ဓါတ်ဖြစ်တဲ့ ဓါတ်မတွေက လှမ်းဆွဲဆောင်ပါတယ်။ ဒီအခါ ဆွဲဆောင်မှုအကောင်

းဆုံး အညှို့ငင်နိုင်ဆုံး အမတွေရှိတဲ့နေရာ.. အနီးဆုံးနေရာတွေကို အဖိုတွေက ဆင်းလာပါတော့တယ်….(ဟီဟိ…လူတွေအတိုင်းပဲနော်) မိုးကြိုးတွေပစ်ကုန်

တော့တာပါပဲ….။ ဒီလို တိမ်ပေါ်ကကောင်တွေ ဆင်းလာပြီး မတွေ့နိုင်အောင် သမီးရှင်ဖြစ်တဲ့ လူတွေဘက်က မိုးကြိုးလွှဲကို ဖန်တီးပြီး ကာကွယ်လာကြပါတယ်။

တိမ်ဆိုတဲ့ အမျိုးက ခြေဦးတည့်ရာ လျှောက်သွားနေတဲ့ ကလေကချေလေးတွေ မဟုတ်လား။ ကိုယ့်သမီး ကမ္ဘာမ နဲ့တွေ့သွားရင် ကိုယ်တွေပါ ထိခိုက်နစ်နာနိ

ုင်တယ်လေ။ ဘယ် သဘောတူလို့ ဖြစ်ပါ့မလဲ….း) ) လျှပ်စစ်ဓါတ်မှာ တည်ငြိမ်လျှပ်စစ်(Static Electricity) ဆိုတာ ရှိပါတယ်။ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်

တွေမှာ ကပ်ငြိ ဝေ့၀ဲနေတဲ့ လျှပ်စစ်တစ်မျိုးပါ။ မိုးကြိုးလွှဲရဲ့ ထိပ်မှာရှိတဲ့ ခွ လေးက သူ့အောက် ၆၀ ဒီဂရီအတွင်းတည်ငြိမ်လျှပ်စစ်တွေ မခိုအောင်းနိုင်အောင်

တာဝန်ယူ စောင့်ကြပ်ပေးပါတယ်။ ဓါတ်မတွေမရှိရင် ဓါတ်ဖိုတွေ မလာဘူးပေါ့ဗျာ...။ ဒါကြောင့် အဆောက်အဦးတွေ အလွန်ကြီးရင် မိုးကြိုးလွှဲတွေ အများကြီး

တပ်ပေးရတာပါ။

(ဃ) ၉
သင်္ချာကိန်းတွေထဲမှာ ၉ ဂဏန်းဟာ တမူထူးခြားပါတယ်။ ကြိုက်တဲ့ ဂဏန်း ကြိုက်တဲ့ အရေအတွက်ကို ၉ နဲ့ ၊ ဒါမှမဟုတ် ၉ နဲ့ စားလို့ ပြတ်တဲ့ ကိန်းတွေ (၉.

.၁၈..၂၇..၃၆..စတာတွေ) နဲ့မြှောက်လိုက်ပြီးရင် (မကျေနပ်လို့ ၉ နဲ့ ထပ်ပြီး ပေါင်းပေါင်း နှုတ်နှုတ် မြှောက်မြှောက်စားစား၊ ကြိုက်သလောက် လုပ်) ထွ

က်လာတဲ့ အဖြေကို တစ်လုံးတည်းကျန်အောင် ပေါင်းလိုက်ရင် ၉ ပဲ ပြန်ရတာပါပဲ….။
ဥပမာ- ၂၅၇ ထားပါတော့… ၂၅၇ x ၉ = ၂၃၁၃
                                    ၂၃၁၃ + ၉ x ၉ - ၉ = ၂၀၈၈၉
                                    ၂ + ၀ + ၈ + ၈ + ၉ = ၂၇
                                    ၂ + ၇ = ၉

(င) ဖုန် သင်ခန်းစာ…
ဖုန် ဆိုတာ အရာဝတ္ထုတွေကနေ ပွတ်တိုက်လို့ ထွက်ပေါ်လာတဲ့ အမှုန်အမွှားလေးတွေပါ။ လောကကြီးက အမြဲ ဖြစ်ပျက်ပြောင်းလဲ ဖောက်ပြန်နေတာကို ဖုန်

တွေက သက်သေထူနေပါတယ်။
ဘာပစ္စည်းပဲဖြစ်ဖြစ် ဘယ်လောက်သစ်နေနေ အမြဲ ယိုယွင်းပျက်စီးနေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နူးညံ့တဲ့ လေပြေညင်းကလေးကပဲ တိုးဝှေ့သွားစေ

ဦးတော့… ပဲ့ပါသွားတာပါပဲ။ လူ့ ခန္ဓာကိုယ်ကလည်း အမြဲ ဖေါက်ပြန်နေပြီးတော့ အဟောင်းတွေနေရာမှာ အသစ်တွေ အစားထိုးလာတိုင်း ဖုန်တွေ တဖွဲဖွဲ

ကျနေတာပါ။ သေးငယ်လွန်းလို့သာ မမြင်နိုင်တာပါ။ ယူတတ်ရင် တရားတွေပါပဲ။
စိတ်ဖိစီးမှုတွေကြောင့် သင့်ရုပ်သွင်က ပိုပင်ပန်းနွမ်းနယ်ကာ အိုစာနေတတ်ပါတယ်။ ဒါကြောင့် သင့်ကို အခုထက်ပိုပြီး နုပျိုကျန်းမာလာစေဖို့ ဖိစီးမှုလျော့ပါးကာ

ကြည်နူးမှု ဖြစ်စေမယ့် အပြုအမူတွေကို ဖော်ပြလိုက်ရပါတယ်။

(၁) အသက်ပြင်းပြင်း ရှူပေးပါ
တရားထိုင်သလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ပေးတာက အသားအရေကို ကြည်လင်စေတဲ့အပြင် ခန္ဓာကိုယ်မှာ အနာကျက်စွမ်းအားကို တိုးေ

စပါတယ်။ ဒါကြောင့် စိတ်နဲ့ ခန္ဓာကို ကျန်းမာစေကာ အရွယ်တင် နုပျိုစေပါတယ်။

(၂) ရယ်မောပါ
ရယ်မောတာကြောင့် ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ဟော်မုန်းဓာတ်တွေ အထွက်တိုးလာပြီး ကြည်နူးနှစ်သိမ့်မှုကို ရရှိစေပါတယ်။

(၃) စိတ်ပါလက်ပါ သီချင်းဆိုပါ
တကယ်လို့ သီချင်းမဆိုချင်ရင်တောင် သီချင်းညည်းတာ၊ စည်းချက်လိုက်တာတို့ လုပ်ပြီး စိတ်ပျော်ရွှင်အောင်ထားပါ။ သီချင်းဆိုတာ ကောင်းဖို့၊ မကောင်းဖို့က

အဓိက မကျပါဘူး။ စိတ်ပါလက်ပါ သီချင်းဆိုတာကြောင့် စိတ်ဖိစီးမှုလျော့ပါးကာ နုပျိုလှပစေပါတယ်။

(၄) လှုပ်ရှားပါ
မကောင်းတဲ့ ကိုယ်နေဟန်ထားကို ပြင်ဆင်ပြီး လှုပ်ရှားမှုလုပ်ပေးရင် ကိုယ်တွင်းမှာ သွေးလှည့်ပတ်မှု ကောင်းစေပြီး အသားအရေကို နုပျိုစေပါတယ်။ တ

ကယ်လို့ အချိန်မရရင် အကြောဆန့်တာမျိုးကို လုပ်ဆောင်သင့်ပါတယ်။


(၅) ချစ်မြတ်နိုးပါ
ကောင်းတဲ့အရာပဲ ဖြစ်ဖြစ်၊ အကျည်းတန်တဲ့အရာပဲ ဖြစ်ဖြစ် သင့်အနေနဲ့ ချစ်မြတ်နိုးစွာ လက်ခံတတ်အောင် ကြိုးစားပါ။ ဒါဆိုရင် အကောင်းအဆိုး လောကဓံ

တရားကို ခံနိုင်ရည် ရှိလာပြီး အရာရာကို အပြုံးမပျက် ရင်ဆိုင်နိုင်ပါလိမ့်မယ်။
===============
Subscribe to RSS Feed Follow me on Twitter!